အလွန်အန္တာရာယ်များတဲ့ အိမ်မြှောင်ချေးအကြောင်း

အိမ်မြှောင်ချေးတစ်ခုမှာဆိုရင် ထိပ်မှာကပ်လျက်ရှိနေတဲ့ အဖြူရောင်အစေ့လေးကို သိသိသာသာမြင်ကြရမှာပါ…

 

အိမ်မြှောင်ချေးတုံးလေးကို နှစ်ပိုင်း ခွဲလိုက်မယ်ဆိုရင် အောက်ဘက်မည်းနေတဲ့အပိုင်းက

 

မစင်ဖြစ်ပြီးတော့ အပေါ်က အဖြူရောင် အစေ့လေးက ဆီးဖြစ်ပါတယ်။

 

လူအပါအဝင် သတ္တဝါတော်တော်များဆီမှာ ဆီးကို အရည်အဖြစ်နဲ့

 

သွားပေမဲ့ အိမ်မြှောင်တွေကတော့ အခဲပုံစံနဲ့ သွားကြပါတယ်ခင်ဗျာ။

 

အဲဒီအဖြူရောင်လေးဟာ သူတို့ဆီးကထွက်တဲ့ ယူရစ်အက်ဆစ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပုံဆောင်ခဲလေးတစ်ခု

 

ပဲဖြစ်ပါတယ်။ မြွေတွေနဲ့ ချေးဖွဲ့စည်းပုံစနစ်ကလည်း အိမ်မြှောင်ရဲ့ ချေးဖွဲ့စည်းပုံ စနစ်နဲ့ ဆင်တူပါတယ်။

 

အိမ်မြှောင်ရဲ့ချေးဟာ အရမ်းအန္တရာယ်ရှိပါတယ်။

 

ဆယ်မွန်နဲလားလို့ခေါ်တဲ့ ဗက်တီးရီးယားတွေ များစွာ ပါဝင်နေလေ့ရှိပါတယ်။

 

အင်းဆက်တွေမှာ ရှိတတ်တဲ့ အခြားဗက်တီးရီးယားတွေလည်း များစွာရှိနေတတ်ပါသေးတယ်ခင်ဗျာ။

 

အဲ့ဒါကြောင့် အိမ်မြှောင်ချေးကို လက်နဲ့ကိုင်မိသွားရင် လက်ကို ဆပ်ပြာနဲ့ သေချာစွာ

 

စင်ကြယ်အောင် ဆေးကြောပေးဖို့ အရမ်းလိုအပ်ပါတယ်။

 

အစားအစာထဲမှာလည်း မပါအောင်သတိထားဖို့အရေးကြီးပါတယ်….

 

Credit to >original loader
photo credit> Google