သင်ရွေးချယ်လိုက်တဲ့ တားရော့ကတ်လေးကပြောပြပေးမယ့် သင့်ရဲ့အနာဂတ်….

သင်ရွေးချယ်လိုက်တဲ့ တားရော့ကတ်လေးကပြောပြပေးမယ့် သင့်ရဲ့အနာဂတ်

သင်ရွေးချယ်လိုက်တဲ့ တားရော့ကတ်လေးကပြောပြပေးမယ့် သင့်ရဲ့အနာဂတ်လူတိုင်းက ကိုယ့်ရဲ့အနာဂတ်မှာ ဘယ်လိုအရာတွေကို ကြုံတွေ့ရမလဲဆိုတာ မသိချင်တဲ့လူတော့ မရှိဘူးထင်ပါတယ်နော်။ တစ်ချို့တွေက ကိုယ့်ရဲ့အနာဂတ်ကို ဗေဒင် လက္ခဏာတွက်ပြီး လေ့လာကြသလို

တစ်ချို့ကြတော့လည်း တားရော့ကတ်လေးတွေကြည့်ပြီး လေ့လာကြပါတယ်။ ဒီနေ့မှာတော့ ပရိသတ်ကြီးရဲ့အနာဂတ်ကို တားရော့ကတ်လေးတွေကတစ်ဆင့် ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက် ကိုယ်အနှစ်သက်ဆုံး တာရောဒ့်ကတ်လေးကို ရွေးပြီး အနာဂတ်ကို လေ့လာလိုက်ကြရအောင်နော်။

(၁) နံပါတ် ၁အတိတ်က သင်လုပ်ခဲ့တဲ့အပြုအမူလေးတစ်ခုကြောင့် အခုအချိန်မှာ သင့်အနေနဲ့ လက်တွဲဖော်ကောင်းနဲ့ တွေ့ဆုံဖို့ လက်လွှတ်လုနီးပါးဖြစ်နေရပါတယ်။ ဖြစ်နိုင်တာက အတိတ်က သင့်ရဲ့မာနတစ်ခု ဒါမှမဟုတ်

သင့်ရဲ့ဆိုးရွားတဲ့အပြုအမူလေး တစ်ခု ဒါမှမဟုတ် တစ်ခြားအကြောင်းတစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း သင့်အနေနဲ့ ဒီလူကိုတွေ့ဆုံဖို့ အခွင့်အရေးသေးသေးလေး ကျန်နေသေးတဲ့အတွက် ထပ်ပြီးလက်လွှတ်မခံဖို့ အကြံပေးချင်ပါတယ်။

မကြာခင်မှာ သင့်အနေနဲ့ အောင်မြင်မှုတစ်ခု ဒါမှမဟုတ် ပျော်ရွှင်စရာတစ်ခုနဲ့ ကြုံလာဖို့ ရှိနေပါတယ်။ ဖြစ်နိုင်တာက လစာတိုးတာ ၊ မုန့်ဖိုးရတာ ၊ ကိုယ်ဖြစ်ချင်တာ ဒါမှမဟုတ် လိုချင်တာတစ်ခုခု ရလာတာမျိုးပါ။

သင့်အနေနဲ့ သင်အချိန်အကြာကြီး အိမ်မက်မက်ခဲ့ရတဲ့ အရာတစ်ခုကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ အခွင့်အရေးရရှိပါလိမ့်မယ်။ ဒီအရာက သင့်ကို ပြီးပြည့်စုံတဲ့ ပျော်ရွှင်မှုမျိုးကို ပေးစွမ်းမှာ အမှန်ပဲဖြစ်ပါတယ်။

(၂) နံပါတ် ၂သင့်အနေနဲ့ စိတ်ကသိကအောက် ဖြစ်စေမယ့် အခြေအနေတစ်ရပ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဖြစ်နိုင်တာက သင့်အနေနဲ့ ဘယ်တော့မှနောက်ထပ် ထပ်မတွေ့ရဖို့ မျှော်လင့်ထားတဲ့ လူတစ်ဦးနဲ့ ပြန်လည်တွေ့ဆုံရဖို့ ဖြစ်နိုင်ပါတယ်။ ဒီလူနဲ့လည်း သင့်အနေနဲ့ တစ်စုံတစ်ခုကို ဆွေးနွေးဖို့ ပြန်လည်တွေ့ဆုံရခြင်းဖြစ်ပါတယ်။

ဒါကြောင့် သင့်အနေနဲ့ သင့်စိတ်ကိုအတတ်နိုင်ဆုံး ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အခုလက်ရှိအချိန်မှာ သင့်အနေနဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက်ချရတာမျိုး ရှိနေနိုင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ

ဒီဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး သင့်ကိုယ်သင် သံသယဝင်လာတာမျိုးတွေ ရှိနေနိုင်ပါတယ်။ အကြံပေးချင်တာက ကိုယ့်ဆုံးဖြတ်ချက်ကို သံသယမဝင်ပါနဲ့။ ရဲရဲကြီးသာ ဆုံးဖြတ်ချက်ချပြီး လုပ်ဆောင်ပါ။

(၃) နံပါတ် ၃သူတစ်ပါးကို ချေးငှားထားတဲ့ သင့်ရဲ့အကြွေးတွေ ပြန်ရဖို့ အခွင့်အရေးရှိနေပါတယ်။ သင့်အနေနဲ့ တစ်ခါတစ်ရံ စိတ်ကျဉ်းကျပ်မှုတွေ ဖြစ်ရတတ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိစ္စအချို့ကိုဖြေရှင်းဖို့ အကြံဉာဏ်ကောင်းတွေ လိုအပ်နေလို့ပါ။ ဒါပေမယ့်လည်း အကြံဉာဏ်တွေရရှိလာရင်လည်း သင်ဟာ ကျဆုံးမှာကို ကြောက်ရွံ့နေတဲ့အတွက် ဘယ်တော့မှ မဖြေရှင်းပါဘူး။

ဒါကြောင့် အကြံပေးချင်တာက သင့်မှာအကြံဉာဏ်ကောင်းတွေ ရရှိလာရင် စိတ်အေးအေးထားပြီး ဖြေရှင်းပါလို့ ပြောချင်ပါတယ်။ သင့်မှာ ကောင်းမွန်တဲ့အကြံဉာဏ်တွေနဲ့ လုပ်ဆောင်ချက်တွေရှိတဲ့အတွက် ကိုယ်ဖြေရှင်းလိုက်တဲ့ အရာတွေ ရလဒ်ဆိုးရမှာကို တွေးမပူပါနဲ့။ သင်စိတ်အေးအေးထားရင် အရာအားလုံးကို အောင်မြင်စွာဖြေရှင်းနိုင်မှာပါ။

Credit

Zawgyi

သင်ရွေးချယ်လိုက်တဲ့ တားရော့ကတ်လေးကပြောပြပေးမယ့် သင့်ရဲ့အနာဂတ်လူတိုင်းက ကိုယ့်ရဲ့အနာဂတ်မှာ ဘယ်လိုအရာတွေကို ကြုံတွေ့ရမလဲဆိုတာ မသိချင်တဲ့လူတော့ မရှိဘူးထင်ပါတယ်နော်။

တစ်ချို့တွေက ကိုယ့်ရဲ့အနာဂတ်ကို ဗေဒင် လက္ခဏာတွက်ပြီး လေ့လာကြသလို တစ်ချို့ကြတော့လည်း တားရော့ကတ်လေးတွေကြည့်ပြီး လေ့လာကြပါတယ်။ ဒီနေ့မှာတော့

ပရိသတ်ကြီးရဲ့အနာဂတ်ကို တားရော့ကတ်လေးတွေကတစ်ဆင့် ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက် ကိုယ်အနှစ်သက်ဆုံး တာရောဒ့်ကတ်လေးကို ရွေးပြီး အနာဂတ်ကို လေ့လာလိုက်ကြရအောင်နော်။

(၁) နံပါတ် ၁

အတိတ်က သင်လုပ်ခဲ့တဲ့အပြုအမူလေးတစ်ခုကြောင့် အခုအချိန်မှာ သင့်အနေနဲ့ လက်တွဲဖော်ကောင်းနဲ့ တွေ့ဆုံဖို့ လက်လွှတ်လုနီးပါးဖြစ်နေရပါတယ်။ ဖြစ်နိုင်တာက အတိတ်က သင့်ရဲ့မာနတစ်ခု ဒါမှမဟုတ်

သင့်ရဲ့ဆိုးရွားတဲ့အပြုအမူလေး တစ်ခု ဒါမှမဟုတ် တစ်ခြားအကြောင်းတစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း သင့်အနေနဲ့ ဒီလူကိုတွေ့ဆုံဖို့ အခွင့်အရေးသေးသေးလေး ကျန်နေသေးတဲ့အတွက် ထပ်ပြီးလက်လွှတ်မခံဖို့ အကြံပေးချင်ပါတယ်။

မကြာခင်မှာ သင့်အနေနဲ့ အောင်မြင်မှုတစ်ခု ဒါမှမဟုတ် ပျော်ရွှင်စရာတစ်ခုနဲ့ ကြုံလာဖို့ ရှိနေပါတယ်။ ဖြစ်နိုင်တာက လစာတိုးတာ ၊ မုန့်ဖိုးရတာ ၊ ကိုယ်ဖြစ်ချင်တာ ဒါမှမဟုတ် လိုချင်တာတစ်ခုခု ရလာတာမျိုးပါ။

သင့်အနေနဲ့ သင်အချိန်အကြာကြီး အိမ်မက်မက်ခဲ့ရတဲ့ အရာတစ်ခုကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ အခွင့်အရေးရရှိပါလိမ့်မယ်။ ဒီအရာက သင့်ကို ပြီးပြည့်စုံတဲ့ ပျော်ရွှင်မှုမျိုးကို ပေးစွမ်းမှာ အမှန်ပဲဖြစ်ပါတယ်။

(၂) နံပါတ် ၂

သင့်အနေနဲ့ စိတ်ကသိကအောက် ဖြစ်စေမယ့် အခြေအနေတစ်ရပ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဖြစ်နိုင်တာက သင့်အနေနဲ့ ဘယ်တော့မှနောက်ထပ် ထပ်မတွေ့ရဖို့ မျှော်လင့်ထားတဲ့ လူတစ်ဦးနဲ့ ပြန်လည်တွေ့ဆုံရဖို့ ဖြစ်နိုင်ပါတယ်။ ဒီလူနဲ့လည်း သင့်အနေနဲ့ တစ်စုံတစ်ခုကို ဆွေးနွေးဖို့ ပြန်လည်တွေ့ဆုံရခြင်းဖြစ်ပါတယ်။

ဒါကြောင့် သင့်အနေနဲ့ သင့်စိတ်ကိုအတတ်နိုင်ဆုံး ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အခုလက်ရှိအချိန်မှာ သင့်အနေနဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက်ချရတာမျိုး ရှိနေနိုင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ

ဒီဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး သင့်ကိုယ်သင် သံသယဝင်လာတာမျိုးတွေ ရှိနေနိုင်ပါတယ်။ အကြံပေးချင်တာက ကိုယ့်ဆုံးဖြတ်ချက်ကို သံသယမဝင်ပါနဲ့။ ရဲရဲကြီးသာ ဆုံးဖြတ်ချက်ချပြီး လုပ်ဆောင်ပါ။

(၃) နံပါတ် ၃

သူတစ်ပါးကို ချေးငှားထားတဲ့ သင့်ရဲ့အကြွေးတွေ ပြန်ရဖို့ အခွင့်အရေးရှိနေပါတယ်။ သင့်အနေနဲ့ တစ်ခါတစ်ရံ စိတ်ကျဉ်းကျပ်မှုတွေ ဖြစ်ရတတ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိစ္စအချို့ကိုဖြေရှင်းဖို့ အကြံဉာဏ်ကောင်းတွေ လိုအပ်နေလို့ပါ။

ဒါပေမယ့်လည်း အကြံဉာဏ်တွေရရှိလာရင်လည်း သင်ဟာ ကျဆုံးမှာကို ကြောက်ရွံ့နေတဲ့အတွက် ဘယ်တော့မှ မဖြေရှင်းပါဘူး။ဒါကြောင့် အကြံပေးချင်တာက သင့်မှာအကြံဉာဏ်ကောင်းတွေ

ရရှိလာရင် စိတ်အေးအေးထားပြီး ဖြေရှင်းပါလို့ ပြောချင်ပါတယ်။ သင့်မှာ ကောင်းမွန်တဲ့အကြံဉာဏ်တွေနဲ့ လုပ်ဆောင်ချက်တွေရှိတဲ့အတွက် ကိုယ်ဖြေရှင်းလိုက်တဲ့ အရာတွေ ရလဒ်ဆိုးရမှာကို တွေးမပူပါနဲ့။ သင်စိတ်အေးအေးထားရင် အရာအားလုံးကို အောင်မြင်စွာဖြေရှင်းနိုင်မှာပါ။

Credit – Original Writer