လာမည့်ပညာသင်နှစ်တွင် ဆေးကျောင်းများတွင် တက်ရောက်မည့်သူများ နိုင်ငံ့တာဝန်see more..

လာမည့်ပညာသင်နှစ်တွင် ဆေးကျောင်းများတွင် တက်ရောက်မည့်သူများ နိုင်ငံ့တာဝန်ဆိုင်းငံ့..

လာမည့်ပညာသင်နှစ်တွင် ဆေးကျောင်းများတွင် တက်ရောက်မည့်သူများ နိုင်ငံ့တာဝန် မထမ်းဆောင်သူဖြစ်လျှင် ငွေကောက်ခံမည်ဟု အာဏာသိမ်း စစ်ကောင်စီ ဥက္ကဌပြော
ထက်ခေါင်လင်း/ ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၁ ရက်

လာမည့်ပညာသင်နှစ်တွင် ဆေးကျောင်းများတွင် နိုင်ငံတော်တာဝန် ထမ်းဆောင်မည့်သူမဟုတ်ပဲ မိမိကိုယ်ပိုင် ဆေးကုသရေး လုပ်ငန်းများ လုပ်မည်ဆိုပါက ပညာသင်ကြားရေးတွင် ငွေကြေးကောက်ခံသွားမည်ဟု အာဏာသိမ်း စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့သည်။

အဲ့ဒီလို ဆောင်ရွက်သွားမှသာလျှင် နိုင်ငံတော်ရှိ ဆေးရုံများအတွက် လိုအပ်နေသည့် ဆေးဝန်ထမ်းများကို လုံလောက်စွာ ဖြည့်တင်းနိုင်မှာ ဖြစ်ကြောင်း ၎င်းက ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး အမှတ်စဉ် ၁/ ၂၀၂၂ ခုနှစ်တွင် ပြောခဲ့သည်။

လက်ရှိ ၎င်းတို့ကို အာဏာသိမ်းသည်ကို ကန့်ကွက်သည့်အနေဖြင့် မြန်မာနိုင်ငံအနှံ့ ကျန်းမာရေးဝန်ထမ်းများက CDM ပြုလုပ်ခဲ့ကြသလို ဆေးပညာဆိုင်ရာ တက္ကသိုလ်များက ကျောင်းသားလူငယ် အများအပြားကလည်း ၎င်းတို့ ကျောင်းပြန်ဖွင့်နိုင်ရန် ကြိုးစားနေသော်လည်း ကျောင်းမတက်ပဲ ဆန့်ကျင်နေခဲ့ခြင်းကို တွေ့နေရသည်။

မြန်မာနိုင်ငံအနှံ့ တိုက်နယ်ဆေးရုံများ၏ ၇၀ ရာခိုင်နှုန်းသည် ဝန်ထမ်းများ CDM ပြုလုပ်ထားသည့်အတွက် ဆေးရုံလည်ပတ်နိုင်ခြင်းမရှိကြောင်း ဆရာဝန်အသိုင်း
အဝိုင်းက မှတ်ချက်ပြုသည်။

“ဆေးရုံတော့ ဖွင့်ဆိုတော့ တံခါးတော့ ဖွင့်ထားတာပေါ့။ ဒါပေမယ့် ဝန်ထမ်းရှိတာမှ ကျနော်အပါအဝင် နောက်စာရင်းကိုင်တတ်တဲ့ သူနာပြုဆရာမတဦးကလွဲလို့ ဘယ်သူမှမရှိတော့ ဘယ်လူနာကို သွားကုပေးလို့ရမလဲ။ နောက်ဆုံးဗျာ။ အခု သေမှုသေခင်းတွေကို ကျနော်တို့ ခွဲစိတ်စစ်ဆေးပြီး ဆေးလက်မှတ်ထုတ်ပေးဖို့ ဆိုတာတောင် ဝန်ထမ်းမရှိတော့ ခပ်ရှင်းရှင်းပြောရရင် သေသူကို ကြည့်လိုက်တယ်။

ကဲ ဒီလိုသေတတ်တာ ဘာဆိုတာနဲ့ ဒီအတိုင်း လက်မှတ်ထိုးပေးလိုက်တယ်။ ခွဲစိတ်ဖို့တောင် လူမှမရှိတာ။ သူတို့ကလည်း အာဏာသာသိမ်းလိုက်တာ။ လူမှမဖြည့်တင်းပေးနိုင်တာ။ နောက်ပြီးသူတို့စစ်ဆေးက ဆရာဝန်တွေဆိုတာ ဒီလိုသေမှုသေခင်းတွေအတွက် တရားရုံးသက်သေခံဝင်တဲ့ ဆေးလက်မှတ်မှာမှ လက်မှတ်ထိုးခွင့်မရှိတာ” ဟု မွန်ပြည်နယ်ရှိ တိုက်နယ်ဆေးရုံအုပ် တဦးက ပြောသည်။

ထိုကဲ့သို့ ကျန်းမာရေး ဝန်ထမ်းများ မလုံလောက်ခြင်းကြောင့် ယခင်က မြန်မာနိုင်ငံအနှံ့ ပြည်သူအများ အားအထားရဆုံး ဖြစ်ခဲ့သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်ပင် ပြင်ပလူနာဌာနတွင် နေ့စဉ်နှင့်အမျှ ဆေးကုသရန် လာရောက်ပြသသူများ တန်းစီစနစ်ဖြင့် ပြသနေရပြီး တချို့လူနာများသည့် ၂ ရက်၊ ၃ ရက်ခန့် ကြိုတင်လာရောက် စာရင်းသွင်းကာမှ ပြသခွင့်ရနေသည့် အနေအထားမျိုးရှိကြောင်း ရန်ကုန်မြို့ရှိ လူမှုကူညီရေး အသင်းတခုမှ တာဝန်ရှိသူက ပြောသည်။

ထို့အတွက် ယခုနောက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံက အွန်လိုင်းတုံကင်ယူစနစ် အကောင်အထည်ဖော်ရန် ပြင်ဆင်နေကြောင်း ၎င်းက ဆက်ပြောသည်။

“အရင်ကလည်း လူနာတွေဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေကို တက်လာ၊ ဒါတောင်မှ ဆေးရုံနားမှာရှိတဲ့ ဘုန်းကြီးကျောင်းတိုင်းက အရင်လို လက်မခံရဲတော့ဘူး။ အချိန်မရွေး ဘုန်းကြီးကျောင်းလဲမချိန် တက်ရှာတာမျိုး လုပ်ခဲ့တော့ လူတိုင်းကို လက်မခံရဲဘူး။

အွန်လိုင်းစနစ်နဲ့ လုပ်ပြန်မယ်ဆိုတော့လည်း နယ်ကလူနာတွေ ဒီအွန်လိုင်းစနစ်ကို သုံးတတ်မယ်လို့ အများစုကို မထင်ဘူး။

သူတို့လုပ်လိုက်ရင် တိုင်းပြည်ကိုလည်း ငြိမ်အောင်မထိန်းနိုင်၊ စနစ်တခုလုပ်တာလဲ အများစုအတွက် မစဉ်းစား။ သူတို့အာဏာတည်မြဲရေးကိုပဲ အာရုံစိုက်နေတဲ့ စစ်တပ်ပါဗျာ” ဟု သူက ဆိုသည်။

လက်ရှိအချိန်တွင် ၂၀၂၀ ခုနှစ်၏ နောက်ဆုံးစာရင်းများအရ မြန်မာတနိုင်ငံလုံးတွင် ဆရာဝန်၊ သူနာပြု၊ သန့်ရှင်းရေး စသဖြင့် ကျန်မာရေးဝန်ထမ်းများ အားလုံး တစ်သိန်းနှစ်သောင်းကျော်အနက် ၄ သောင်းကျော်က CDM ပြုလုပ်လျှက်ရှိပြီး တချို့က အာဏာသိမ်းစစ်ကောင်စီ ဖမ်းဆီးထောင်ချခြင်း ခံနေရသည်။

#Ayeyarwaddy_Times