” ငွေရော နာမည်ပါ အလွှဲသုံးစားလုပ်ပြီး လိမ်လည်သွားမှုကြောင့် တင်နေတဲ့အကြွေးသိန်း၃၂၀ကို အကျေဆပ်နိုင်ခဲ့ပြီဆိုတဲ့ ခိုင်နှင်းဝေ”

Zawgyi

ပရိသတ်ကြီးရေခိုင်နှင်းဝေကတော့ပရဟိတမင်းသမီးတစ်လက်ဆိုတဲ့အတိုင်း ပရဟိတလုပ်ငန်းတွေကိုအမြဲတိုးချဲ့လုပ်ဆောင်နေတဲ့ သူတစ်ယောက်ပါ။ အလှူအတန်းတွေကို

တရစပ်ပြုလုပ်လျက်ရှိတဲ့ ခိုင်နှင်းဝေကတော့ လတ်တလောမှာ သူ့အနေနဲ့ဆုံရှုံးမှုတစ်ခုဖြစ်ခဲ့ရကာ သိန်း၃၂၀ကိုဇာတ်ကားတွေရိုက်ကူးပြီးပြန်ရှာခဲ့ရကြောင်းရင်ဖွင့်ပြောပြခဲ့တာပါ။“အယုံလွယ်မှုပဲလား..

ဝဠ်ကြွေးကြောင့်ပဲလား..ဘဏ်မှာ ရှိနေတဲ့ သိန်း (၃၂၀) ကို (ကျမရဲ့ ချွေးနဲစာ စစ်စစ်များ (ဇာတ်လမ်းတွဲများ လက်ခံ ရိုက်ကူးပြီး) ) အကျေဆပ်လို့ ကားစာအုပ်လေးရွေးခဲ့ပါပြီရှင်..ဒဏ်ကြေးများ လျော့ပေါ့ပေးပါသော AYA Bank ကိုလဲ

ကျေးဇူးအများကြီးတင်ပါတယ်..ကလေးတွေ ဂေဟာ အတွက် လက်ရှိကားထက် ပိုကြီးသော ကားလေးကို အရစ်ကျဝယ်ဘို့ ဘဏ်နဲ့ ချိတ်ပြီး ကူညီပေးမှုကြောင့် ကြားခံလူ(လူရင်း လူရင်းကြီးကို ) ယုံကြည်စွာ ကားစာအုပ်ရောပေးပြီး

လက်မှတ်ပါ ထိုးပေးခဲ့မိလို့ ကျမ အပါအဝင် ကားပေါင်းများစွာကို လိမ်လည်မှုများထဲမှာ ကံဆိုးစွာ ပါဝင်ခဲ့ပါတယ်..စိတ်မကောင်းဖြစ်မိတဲ့ အကြောင်းလေးကို ပြောပြရင်း ကျမ အနုပညာအလုပ်လေးများ ပြန်လည် လုပ်ကိုင်ရတဲ့ အကြောင်းလေးကို

အသိပေး ရင်ဖွင့်ဖြစ်ပါတယ်ရှင်..”ဆိုတဲ့စာလေးကိူတင်လာခဲ့တာပါ။လွန်ခဲ့တဲ့ (၂) နှစ်ကျော်က ကိုယ့်ရဲ့ ငွေရော နာမည်ပါ အလွှဲသုံးစားလုပ် ပြီး ပြသာနာ အရှုပ်တွေကြားထဲ စိတ်ဓာတ်တွေကျဖူးပေမဲ့ ကိုယ် အပါအဝင် သူများဆီကပါ

သိန်းထောင်ချီ လိမ်သွားတဲ့ သူကို မေတ္တာပို့ ဆုတောင်းပေးပါတယ်..ကိုယ့်လို မပူရပါစေနဲ့..အေးချမ်းကြပါစေရှင်..ဆိုတဲ့ ဆုတောင်းမေတ္တာလေးလည်းပို့သခဲ့တာပါ။ CeleGabarပရိသတ်တွေလည်း ခိုင်နှင်းဝေကို စိတ်အားတက်စေမယ့်အားပေးစကားတွေပြောပေးခဲ့ကြပါဦးနော်။

Koe-CeleGabar

Unicode